ကသာ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှု၊ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၅/၂၀၂၄)သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ(၄)ရက်နေ့ နံနက်(၁၀) နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက ကွန်ပျူတာသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ လူငယ် လူရွယ်များအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ပြီး ကွန်ပျူတာပညာရပ်များကို အကျွမ်းတဝင်ဖြစ်စေကြောင်း၊ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနေသည့်အတွက် အခြားသေ ာလူငယ်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း တက်ရောက်နိုင်စေရန် စည်းရုံးသင့်ကြောင်းတို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်းနည်းပြအတွက် ထောက်ပံ့ငွေအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက သင်တန်းနည်းပြဆရာ ဦးသျှားညိုအား ချီးမြှင့်ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ထို့နောက် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၅/၂၀၂၄)မှ သင်းတန်းသား/ သင်တန်းသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ကွန်ပျူတာသင်တန်းအမှတ်စဉ်(၆/၂၀၂၄)ကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ပြန်/ဆက်)