ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်‌‌ရွေးချယ်‌ရေးစာ‌မေးပွဲကျင်းပ

ဒဂုံမြောက် ဒီဇင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade 9 မှ Grade 12 ကျောင်းသား/သူများအား  လူရည်ချွန်‌‌ ရွေးချယ်‌ရေးစာ‌မေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ကြောင်းသိရသည်။

မြို့နယ်အဆင့် လူရည်ချွန်‌‌ရွေးချယ်‌ရေးစာ‌မေးပွဲ ဖြေဆိုရာတွင် Grade - 9 ကျောင်းသားကျောင်းသူ (၂၆)  ဦး၊ Grade- 10 ကျောင်းသားကျောင်းသူ (၂၁) ဦး၊ Grade- 11 ကျောင်းသားကျောင်းသူ ဖြေဆိုသူ (၇) ဦးGrade-12  ကျောင်းသားကျောင်းသူ (၁၁) ဦး စုစုပေါင်းဖြေဆိုသူ (၇၅) ဦး ဝင်ရောက်ဖြေဆိုကြသည်။ မြို့နယ်အဆင့် ထူးချွန်သူများထဲမှ အမှတ်အများဆုံး (၃) ဦးကို ရွေးချယ်၍ ခရိုင်အဆင့်ဆက်လက်ဖြေဆိုကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

အ‌ဆိုပါ မြို့နယ်အဆင့် လူရည်ချွန်‌‌ရွေးချယ်‌ရေးစာ‌မေးပွဲအား မြို့နယ်ပညာရေးမှူးနှင့်  ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ