ကွန်ဟိန်းမြို့ (Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ ကျင်းပ

ကွန်ဟိန်း ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်နေ့အထိမ်းအမှတ်အကြိုဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်- (၃)၊ ဒေါ်ထွေးထွေးခိုင်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်တွင်ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြောင်းကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန်၊ နေ့ထူးနေ့မြတ်ရက်များကို တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများနှင့် စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် ဟောပြောပွဲ ကျင်းပခဲ့ပြီး  ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)