ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

အလုံ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဒီဇင်ဘာလ (၃) ရက်နေ့ မွန်းလွဲပိုင်း(၁)နာရီတွင် အလုံခရိုင်၊ အလုံမြို့နယ်၊ အ.ထ.က(၄)၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍အခမ်းအနားတွင် ကုမုဒြာလူမှုကူညီရေးအဖွဲ့- Myamar MSM & Trans-Gender Women Network (MMTN) ကအပျိုတော်အကဖြင့် စတင်ဖျော်ဖြေခြင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကား‌ပြောကြားခဲ့ပြီး တော်ဝင်ခရေအဖွဲ့- Sex Worker In Myanmar Network (SWIM)က ပုဂံအကဖြင့်တင်ဆက်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥဂ္ဂါဖြိုးက ရန်ကုန်တိုင်းဒေသကြီးအတွင်း ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ ဦးတည်အုပ်စုဝင်တစ်ဦးဖြစ်သူ ဦးစိုင်းအောင်ခမ်းကလူထုကိုယ်စားပြုအနေဖြင့် ကျေးဇူးတင်စကားပြန်လည် ပြောကြားခြင်း၊ Myanmar Positive Group (MPG)မှ ကမ္ဘာ့ခုခံအားကျ ဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “မေတ္တာစက်ဝိုင်း” သီချင်းဖြင့် သံပြိုင်သီဆို ဧည့်ခံဖျော်ဖြေခဲ့ကြပြီး (၂၀၂၄)ခုနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သောကျန်းမာ ရေးဌာနများအားကဏ္ဍအလိုက် ထူးချွန်ဆုများချီးမြှင့်​ခြင်းနှင့် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီးပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့​ကြသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ကျန်းမာရေးဦးစီးဌာန(တိုင်း၊ခရိုင်၊မြို့နယ်)မှ တာဝန်ရှိသူများ၊ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲကိုကို၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဌေးကြွယ်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလ သားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူးများဖြစ်သော ဒေါက်တာဝင်း‌ကျော်စိုး(အဖွဲ့ခေါင်းဆောင်)၊ ဒေါက်တာဥဂ္ဂါဖြိုး၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ ဦးတည်အုပ်စုဝင်တစ်ဦးဖြစ်သူ ဦးစိုင်းအောင်ခမ်း၊ တော်ဝင်ခရေအဖွဲ့- Sex Worker In Myanmar Network(SWIM)မှ ဒေါ်နှင်းနှင်းယု( ဥက္ကဋ္ဌ)၊ ဒေါ်မေမြတ်မျိုးနွယ်(အတွင်းရေးမူး)နှင့်အဖွဲ့ဝင်များ၊ Myanmar Positive Group (MPG)မှ ဒေါ်သော်တာကျော်(ဥက္ကဋ္ဌ)၊ ဒေါ်ခင်ခင်ဝင်း (ညှိနှိုင်းရေးမှူး)နှင့်အဖွဲ့ဝင်များ၊ Myanmar Positive Women Network (MPWN)အဖွဲ့မှ ဒေါ်ကြေးမုံလင်း(ဥက္ကဋ္ဌ)၊ ဒေါ်စန်းစန်းဝင်း(အတွင်းရေးမှူး)နှင့်အဖွဲ့ဝင်များ၊ ကုမုဒြာလူမှုကူညီရေးအဖွဲ့မှဦးမျိုးထက်၊ ဒေါ်အေးမြသူနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအပါအဝင် စုစုပေါင်းအင်အား (၅၀၀)ဦးခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ