ပုဇွန်တောင် ဒီဇင်ဘာ ၅
ပုဇွန်တောင်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီး ကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာလ(၃)ရက်နေ့နံနက် (၈)နာရီခွဲ၌ အမှတ် (၃) ရပ်ကွက်၊ မဟာ ဗန္ဓုလလမ်း၊ Ocean Center တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်လွင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဟန်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးငြိမ်းချမ်း ဦးဆောင် သည့် သန္ဓေတပ်ဖွဲ့ဝင် (၄) ဦး၊ အရန်တပ်ဖွဲ့ဝင် (၂) ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ (၅) ဦး ပါဝင်သော ပူးပေါင်းအဖွဲ့က မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး နည်းလမ်းများကို အကျယ်တဝင့် ဟောပြော အသိပညာပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဂတ်(စ်)မီးဖို၏ မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ စက်သုံးဆီများ မီးလောင်ကျွမ်းမှုအပေါ် ငြှိမ်းသတ်မှုနည်းလမ်းများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့်မီးငြှိမ်းသတ်ပုံတို့ကို တက်ရောက်လာသော ဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်(ပြန်/ဆက်)