ရန်ကုန် ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာ ညွှန်ကြားချက်များအား ဒီဇင်ဘာလ(၃)ရက်နေ့နံနက်ပိုင်းက စျေးများတွင် လိုက်လံစစ်ဆးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကမာရွတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခွန်လွတ် စျေးနှင့် သံလွင်စျေးများအား မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး၊ မီးကို သတိပြုသုံးစွဲရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် အချက်များအား အသိပညာပေးခြင်းကို လိုက်လံနှိုးဆော် စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)