မိုင်းယောင်းမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)သို့  Head Immobilizer နှင့် Spine Board လာရောက်လှူဒါန်း

မိုင်းယောင်း ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)အနေဖြင့် မြို့နယ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာ၌ လူနာတင်ယာဉ်တွင်အသုံးပြုနိုင်ရန် ယနေ့နံနက်ပိုင်းက White Clean Mong Yaung မှ အသင်း(ခွဲ)ရုံးသို့ Head Immobilizer နှင့် Spine Board လာရောက်လှူဒါန်းခဲ့သည်။

မိုင်းယောင်းမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်ပေးလျက်ရှိရာ အသင်း(ခွဲ)၏ အရေးပေါ်လူနာတင်ယာဉ်တွင် အသုံးပြုနိုင်ရန်အတွက် White Clean Mong Yaung မှ စုစုပေါင်းတန်ဖိုး ကျပ် ၁၀ သိန်းရှိ Head Immobilizer နှင့် Spine Board များ လာရောက်လှူဒါန်းရာ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးစိုင်းလောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း