လဲချား ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(နောင်မိန်း)တွင် ဆုံဆို့-မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇင်မောင်နွယ် ဦးဆောင်သောကျန်းမာရေးဝန်ထမ်းများကဆောင်ရွက်ပေး၍ အခြေခံကျောင်းများရှိ အသက်(၅)နှစ်မှ(၇)နှစ်ကြား ကျောင်းသား၊ကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် အသက်(၁၀)နှစ် ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ကြပြီး မိခင်နှင့်ကလေး၊ဆရာ၊ဆရာမများနှင့် ကလေးမိဘများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
လဲချား(မြို့နယ်ပြန်/ဆက်)