စက်သုံးဆီအရောင်းဆိုင်များတွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများ ကွင်းဆင်းစစ်ဆေး

မောက်မယ် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် စည်ပင်သာယာမြို့မစျေးအတွင်း ယနေ့နံနက် ၁၀ နာရီက မြို့နယ်စက်သုံးဆီစျေးနှုန်းစောင့်ကြည့်ထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူများက ကြိုတင်လိုက်လံကွင်းဆင်းစစ်ဆေးအသိပညာပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ  မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းလင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးဖြင့်ရောင်းချမှူရှိ/မရှိ၊ အကန့်အသတ်ဖြင့်ရောင်းချမှူရှိ/မရှိ၊ ခြင်သွယ်မှန်ကန်မှု ရောင်းချမှူရှိ/မရှိတို့ကို စစ်ဆေးပြီး ဆက်လက်၍ စျေးဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးအတွက် မိမိစျေးဆိုင်ပတ်ဝန်းကျင်တွင် လောင်စာအမှိုက်သရိုက်များရှင်းလင်းထားရန်၊ မိမိစျေး ဆိုင်ခန်းနှင့်စျေးဆိုင်ဥပစာအတွင်း ခွင့်ပြုချက်မရှိဘဲ လောင်စာဆီသိုလှောင်ခြင်း/ ရောင်းချခြင်းမပြု လုပ်ရန်၊ မီးလောင်ကျွမ်းမှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရန်  မီးဘေးလုံခြုံရေးအတွက် ရေပုံးနှင့်မီးချိတ် မီးကပ်၊ မီးသတ်ဆေးဗူးများထားရှိရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများအသုံးမပြုရန်၊ ဆိုင်တွင်လူမရှိသောအခါ လျှပ်စစ်မိန်းခလုပ်များပိတ်ထားရန်၊ အရေးပေါ်ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ မှတ်သားထားရှိရန်၊ မီးလောင်မှုများဖြစ်ပွားပါကလည်း ဆုံးရှုံးမှုနည်းပါးစေရေးနှင့် အချိန်မီမီးငြှိမ်းသတ် နိုင်ရေးတို့အတွက်ရည်ရွယ်၍ လက်တွေ့သရုပ်ပြ ကွင်းဆင်းဆောင်ရွက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)