မြန်အောင် ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ညက အသိပညာပေးလိုက်လံ နှိုးဆော်ခြင်းများကို မြန်အောင်မြို့နယ်မီးသတ်ဦးစီးဌာနက လိုက်လံနှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်း မီးလောင်ဆုံးရှုံးမှု အန္တရာယ်ဖြစ်ပွားမှုမရှိစေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်နာရမည့် အချက်များအား မြို့နယ်မီးသတ်ဦးစီးဌာနနှင့်နယ်မြေမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာရန် လိုက်လံ အသိပညာပေး စစ်ဆေးခြင်းနှင့်နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)