ပွင့်ဖြူ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မတ်ပဲသီးနှံ ၁၃၂ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားနပ်ရိက္ခာဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားရေးအတွက် မတ်ပဲသီးနှံ ၁၃၂ ဧက စိုက်ပျိုးရန် လျာထားပြီး သတ်မှတ်စိုက်ဧက ပြည့်မီရေး၊ သီးနှံအထွက်နှုန်းများ တိုးတက်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက သက်ဆိုင်ရာစပ်ဆက်ဌာနများနှင့်ပူးပေါင်းပြီး ဒေသခံတောင်သူများကို စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားနပ်ရိက္ခာဖူလုံပိုလျှံစေဖို့၊ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စေဖို့ရည်ရွယ်ပြီး မတ်ပဲသီးနှံ ၁၃၂ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ သတ်မှတ်စိုက်ဧကတွေ ပြည့်မီအောင်၊ ပန်းတိုင်အထွက်နှုန်းများရရှိအောင် ဒေသခံတောင်သူတွေကို မြေမှန် မျိုးမှန်၊ စိုက်နည်းစနစ်မှန် စနစ်တကျစိုက်ပျိုးနိုင်အောင်၊ ပိုးမွှားအန္တရာယ်ကင်းရှင်းအောင် စိုက်ပျိုးရေးအသိပညာပေးတာတွေ ကြိုးပမ်းလုပ်ဆောင်နေပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံအလိုက် လျာထားစိုက်ဧကပြည့်မီရေး၊ သီးနှံအထွက်နှုန်းများတိုးတက်စေရန် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများ အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေရေး၊ ပိုးမွှားရောဂါမကျရောက်စေရန် ကာကွယ်တားဆီးနှိမ်နင်းရေးစသည့် ဝောာင်သူနည်းပညာပေးခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )