ဟင်္သာတ ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာစေရန် အိမ်တွင်းမုန့်လုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre တွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဟင်္သာတခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းယုရွှေမှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ပြောကြားခဲ့ပြီး သင်တန်းဆရာမ ဒေါ်စန္ဒာရွှေဦးမှ မုန့်လုပ်နည်းအမျိုးမျိုးနှင့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်သင်တန်းတွင် လေးထပ်ကျောက်ကျော၊ ခင်လေးပူဇာ၊ ရွှေဖုရုံသီးရွှေကြည်မုန့်လုပ်နည်းတို့ကို လက်တွေ့သင်ကြားပေးခဲ့ပြီး အဆိုပါ သင်တန်းသို့သင်တန်းသူ စုစုပေါင်း၂၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)