ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ/ဘဲဥများရောင်းချ

ငပုတော ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ/ဘဲဥများ လက်ဝယ်အရောက် ရောင်းချပေးခြင်းအား နိုဝင်ဘာ(၂၈)ရက်နေ့ နံနက် (၇)နာရီမှစတင်၍ ငပုတောမြို့မဈေးရှေ့တွင် ရောင်းချပေးခဲ့သည်။

 ကြက်ဥ/ဘဲဥများကို သက်သာသောဈေးနှုန်းများဖြင့်  ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးမှု အားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ကြက်ခြံ/ဘဲခြံမွေးမြူရေးလုပ်ငန်းရှင်များ၊ အရောင်းဒိုင်များပူးပေါင်း၍ ကြက်ဥတစ်လုံး(၃၅၀)ကျပ်ဖြင့် အလုံး(၃၀၀၀)နှင့် ဘဲဥတစ်လုံး(၅၀၀)ကျပ်ဖြင့် အလုံး(၃၀၀)အား ပြည်သူများထံ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)