လေးမျက်နှာ ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အောင်မင်္ဂလာဈေးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် ယနေ့နံနက်ပိုင်းက ရောင်းချခဲ့သည်။
အဆိုပါအခြေခံစားသောက်ကုန်များရောင်းချခြင်းကို လေးမျက်နှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များဖြစ်သော ကြက်ဥအလုံး(၁၅၀၀)အား (၁)လုံးလျှင် (၃၈၀)ကျပ်၊ ဘဲဥအလုံး(၂၀၀)အာ (၁)လုံးလျှင် (၅၀၀)ကျပ်အား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
မိုးသက်ကို(ပြန်/ဆက်)