ရေကြည်မြို့တွင် ဆောင်းသီးနှံနေကြာ မျိုးစေ့ချစိုက်ပျိုးခြင်း အခမ်းအနားကျင်းပ

ရေကြည်   ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများရရှိရေးအတွက် ဆီထွက်နေကြာသီးနှံများကို စိုက်ပျိုးလျက်ရှိရာ အထွက်နှုန်းကောင်းမွန်ရေးနှင့် စိုက်ပျိုးမှုစနစ်တကျရှိစေရေးအတွက် (၂၀၂၄-၂၀၂၅)ခုနှစ် ဆောင်းရာသီ နေကြာသီးနှံမျိုးစေ့ချစိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက်( ၉ ) နာရီခွဲအချိန်က အသုတ်မြို့၊ ကိုင်းချောင်ကျေးရွာ တောင်သူဦးအုန်းသန်း၊ ကွင်းအမှတ်- ၄၄၈A၊ ဦးပိုင်အမှတ်-၇၂/၁၊ စိုက်ဧက-၁.၀၀၏ လယ်ယာမြေအတွင်းရှိ နေကြာသီးနှံ သြစီမျိုးသီးသန့်စံပြစိုက်ခင်းအတွင်း၌  ပြုလုပ်ခဲ့‌ကြောင်းသိရသည်။

အခမ်းအနားသို့ ကျုံပျော်ခရိုင်ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်းနှင့်အဖွဲ့ဝင်များ၊  ခရိုင်နှင့် မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊  တောင်သူ(၃၅)ဦးတို့မှ တက်ရောက်အားပေးကြပါသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာသူများက မျိုးစေ့ချစိုက်ပျိုးခြင်း လက်တွေ့ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုအား‌ပေးရာ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ စံပြစိုက်ခင်းအတွင်း နေကြာမျိုးစေ့များအား စနစ်တကျစိုက်ပျိုးခဲ့ကြသည်။

ရေကြည်မြို့နယ်အတွင်း နေကြာစိုက်ပျိုးမှုအောင်မြင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများက နေကြာစိုက်တောင်သူများထံကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာပေးခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)