မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကွင်းဆင်းကြည့်ရှု

မော်လမြိုင်ကျွန်း၊   ဒီဇင်ဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ  Clean City ၊ Green City ၊ Smart City ဖြစ်စေရေး လမ်းဘေးဝဲ/ယာရှိ လူသွားလမ်း ကွန်ကရစ်(ဖလက်ဖောင်) ပြုလုပ်ဆောင်ရွက်နေသည့်လုပ်ငန်းများကို ယနေ‌နံနက် (၁၀) နာရီအချိန်က မဟာဗန္ဓုလမ်း (၁၁) လမ်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအထွေထွေရန်ပုံငွေကျပ် (၆၁.၈၈၉)သန်းဖြင့် မရမ်းမြိုင်ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော  အရှည်ပေ (၂၂၉၆)ပေ၊ အကျယ် (၄ ပေ ၆ လက်မ) အမြင့် (၆ လက်မ) ကာလာဘလောက်တုံထုထည် (၄ လက်မ) ဖြင့် လမ်းဘေး ဝဲ/ယာ လူသွားလမ်းကွန်ကရစ်(ဖလက်ဖောင်) ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးဆောင်၍ မြို့နယ်အတွင်းသာယာလှပစေရေးအတွက် မင်းလမ်းမပေါ်ရှိ လမ်းလယ်ကျွန်းများအား Flower box များ၊ ဆေးသုတ်ခြင်း၊ အပွင့်ပန်းများပွင့်နေခြင်း၊ စက္ကူပန်းများ ပန်းပေါင်းစုံဖြင့် ဖူးပွင့်ဝေဆာလှပသာယာသော Clean City ၊ Green City ၊  Smart City မြို့ဖြစ်စေရေးအတွက်  ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦခင်မောင်ဦး၊ အဖွဲ့ဝင်(၂) ဦးတင်လှိုင်တို့က ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)