ကျိုက်လတ်မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ဆေးဆိုင်များအား ဆေးဝါးများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

ကျိုက်လတ်   ဒီဇင်ဘာ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ဆေးဆိုင်များအား ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနကဦးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အစာဆေးဝါးကော်မတီ၊ မြို့နယ်ကုန်ဈေးနှုန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်ဦးဆောင်သော မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်တာဝန်ရှိသူများက ကျိုက်လတ်မြို့နယ်အတွင်းရောင်းချလျက်ရှိသည့် ဆေးဆိုင်များ လိုင်စင် ရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးပြီး ဆေးနှင့် ဆေးဆက်စပ်ပစ္စည်းများအား သတ်မှတ်အရည်အသွေးများနှင့်အညီ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်