ဇလွန် ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော ၂၀၂၄ - ၂၀၂၅ ခုနှစ် ဆောင်းသီးနှံ(နေကြာ) Super Sun - 41 စံပြကွက် (၅)ဧကစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ဒီဇင်ဘာ(၂၈)ရက်နေ့နံနက် ၁၀ နာရီတွင် ဖက်သောင်ကျေးရွာအုပ်စု အစုကြီးကျေးရွာ တောင်သူဦးရွှေထူး၏ လယ်မြေကွင်းအမှတ်( ၁၈၄၂ ခ ) ၊ ဦးပိုင်အမှတ် ( ၄၅ /၂ )တွင် ပြုလုပ်ခဲ့သည်။
ဆောင်းသီးနှံ(နေကြာ)စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများက တောင်သူများအား ဆောင်းသီးနှံ(နေကြာ)မျိုးစေ့နှင့် ပဲပုပ်မျိုးစေ့များအား ပေးအပ်ခဲ့ပြီး တောင်သူဦးရွှေထူး၏ လယ်မြေ(၅)ဧကတွင် ဆောင်းသီးနှံ (နေကြာ) Super Sun - 41 အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ယင်းနောက် တောင်သူများ စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဆောင်းသီးနှံ (နေကြာ) Super Sun - 41 စံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့
ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင် / မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးနှင့် ဝန်ထမ်းများ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဝေယံ - ဇလွန်( ပြန်/ဆက်)