ပြည် ဒီဇင်ဘာ ၂
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ "ဆုံစည်းရာ" စာဖတ်ဝိုင်း(Book Club)အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကို နိုဝင်ဘာလ(၂၈)ရက်နေ့နံနက်ပိုင်းက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အဖွင့်စကား ပြောကြားပြီး "စာဖတ်ရှိန် မြင့်တင်ရေး"ခေါင်းစဥ်ဖြင့် စာရေးဆရာ(ပြည်)လေးဘုန်း၊ စာရေးဆရာက နောင်နိုင်နွယ်ဦး၊ စာရေးဆရာမောင်စိမ့်စမ်း(သဲကုန်း)၊ စာရေးဆရာ မောင်ထွဋ်ကောင်း၊ စာရေးဆရာမောင်ထက်ရှား၊ စာရေးဆရာဟိန်းထက်ဆောင်း(ပြည်ဆည်မြောင်း)တို့က ဦးဆောင်၍ ဆုံစည်းရာစာဖတ်ဝိုင်း (Book Club)အဖွဲ့တို့ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုစိုး(ပြန်/ဆက်)