ပဲခူး ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၄) ကို စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးတင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းများ ဘေးအန္တရာယ်ရှိသော ကုန်စည်များအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းရှင်များအနေဖြင့် လိုက်နာရန်တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ၊ ဒေသထွက်ကုန်များအပေါ် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ စားသုံးသူများ၏ ထိခိုက်နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး စားသုံးသူတိုင်ကြားမှုများကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ရေးနှင့် ရှေ့ဆက် လက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းများတို့အား အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်မှု အခြေအနေများကို power point ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံက အမှာစာ (၆)အား တင်ပြဆွေးနွေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက အမှာစာများအပေါ် အတည်ပြုဆုံးဖြတ်ချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအမံများ ချမှတ်ခဲ့ပြီး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)