နတ်မောက်မြို့နယ် ပ/လက္ခုပ္ပင်ကျေးရွာတွင် တောင်သူအသိပညာပေးသင်တန်း ဖွင့်လှစ်  

နတ်မောက် နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူအသိပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ပ/လက္ခုပ္ပင်ကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရာသီဥတုပြောင်းလဲလာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးသည်းထန်ခြင်းနှင့်‌ ရေကြီးခြင်း၊ ပူပြင်းခြောက်သွေ့ခြင်းနှင့်မိုး ရွာသွန်းမှုနည်းပါးခြင်း၊ လေပြင်းမုန်တိုင်းထိုက်ခတ်ခြင်းနှင့် ပြင်းထန်သော ဆိုင်ကလုံးမုန်တိုင်းများ ဖြစ်ပေါ်ခြင်းကြောင့် ရာသီမရွေး မိုးရွာသွန်းနိုင်းခြင်း အကြောင်းအရာများအား ရှင်းလင်းခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်း တစ်ဧကပိဿာ (၇၀၀) ထွက်ရှိရေး လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာနှင့် ပိုးမွှားရောဂါကာကွယ် နှိမ်နင်းရခြင်းအကြောင်းအရာနှင့် ဆီထွက်သီးနှံဆောင်းနေကြာများ အောင်မြင်ဖြစ်ထွန်းရန်အတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ တောင်သူအသိပညာပေးသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စိုက်ကြပ်ဝန်ထမ်းများနှင့် ကျေးရွာတောင်သူများ စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လှဝင်း