​​ရွှေဘိုမြို့၌ (၁ဝ၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

​ရွှေဘို နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုမြို့၌ (၁ဝ၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(၂) ရွှေရတုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက "ဇာတိမာန်" သီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်​ပေးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သန့်​ဇော်လင်းက ဖတ်ကြားသည်။

ထို့နောက် (၁ဝ၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ​လေးများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သန့်​ဇော်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းသီဆို၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့်​ကျောင်းသား​၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၁ဝ၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး​ ဒေါ်​အေးမြမွန်နှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)