(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

 မြို့သစ် နိုဝင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားနေ့အကြောင်း သိရှိစေရန်ရည်ရွယ်၍ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်းပိုမိုသိရှိစေရန်၊ လူငယ်အရွယ်မှစ၍ စာအုပ်၊ စာပေများဖတ်ရှုချင်သော အလေ့အကျင့်ကောင်းများရရှိကြစေရန်နှင့် စာအုပ်စာပေက အသိပညာဗဟုသုတများတိုးပွားစေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကို စာရေးဆရာမောင်ကေတူး(ပညာရေး)၏ "အမျိုးသားအောင်ပွဲ""ခေါင်းစဥ်ဖြင့် ကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးပါဝင်ယှဉ်ပြိုင်ခဲ့သည်။

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအားဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း ( မြို့သစ် )