ငရုတ်ကောင်း နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စုရှိ အ-လက(သလဲဒိုး) စာသင်ကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
လူငယ်စကားဝိုင်းတွင် ရှေးဦးစွာ အ-လ-က (သလဲဒိုး) ကျောင်းအုပ်ဆရာမကြီး ဦးအောင်ခိုင်ဆွေမှ အမှာစကားပြောကြားရာ ကျောင်းသား/သူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆောင်ပုဒ်နှင့်အညီ အလေးထားလိုက်နာကြရန် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများဖြင့် ပြည့်စုံသောလူငယ်များ ဖြစ်လာစေရန် စာပေဖတ်ရှုလေ့လာကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ငရုတ်ကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကျော်မာလာလွင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားရာတွင် လူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ ကြွယ်ဝစေရန် လူအများရှေ့တွင် ရဲဝင့်စွာ ပြောဆိုဆွေးနွေးတတ်စေရန်၊ နှုတ်မှုစွမ်းရည်ကြွယ်ဝစေရန်နှင့် အပြန်အလှန်ပူပေါင်းဆွေးနွေးတတ်သည့် စွမ်းရည်များမြင့်မားလာစေရန် လူငယ်စကားဝိုင်းကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် Grade-6 မှ မောင်ခန့်ဇင်အောင်က လူငယ်နှင့်ရိုးသားခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မသွန်းသံသာဖြိုးက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 မှ မသူသူဝင်းကလူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မောင်ရဲမြတ်အောင်က လူငယ်နှင့်ပရဟိတခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ ဆွေးနွေးခဲ့မှုများအပေါ် သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် လူငယ်စာဖတ်ဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သောကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့မှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)