ပေါင်းတည်၌ ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပေါင်းတည် နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ သစ်တောဦးစီးဌာနက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မြို့မ) ကျောင်းခန်းမ၌ “ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို  ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးမှူး ဦးဗန်လာအဲငါက ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူခိုးလျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းကို အသိပညာပေးဟောပြောခဲ့​ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ်  ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့​သည်။ ဆက်လက်၍ မြို့နယ်သစ်တောဦးစီးမှူးက ဆွေးနွေးချက်များနှင့်ပတ်သက်၍ ပြန်လည်မေးမြန်းခဲ့ရာ နားလည်မှတ်မိသမျှ ဖြေဆိုနိုင်သူ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့် ဘောပင်များ ဆုလက်ဆောင်အဖြစ် ချီးမြင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် အ.ထ.က (မြို့မ)မှ  ဆရာ၊ ဆရာမ ၂၀ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၄၁ ဦးတက်ရောက်ခဲ့ကြပြီး သစ်တောဝန်ထမ်းများက မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက် )