(၁၀၄)နှစ်မြောက်အမျိုးသားနေ့အောင်ပွဲအထိမ်း အမှတ်ကဗျာ၊ ပုံပြော၊ ပန်းချီနှင့် ဟောပြောပွဲကျင်းပ

လဟယ် နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၏ Community Centre ခန်းမ၌ လူငယ်များ အသိဉာဏ်ပညာဗဟုသုတတိုးပွားလာပြီး ဗလငါးတန်ပြည့်ဝစေရန်ရည်ရွယ်ကာ (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာ၊ ပုံပြော၊ ပန်းချီနှင့် ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန် အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

ဦးစွာလဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓါတ်ပုံကျွမ်းကျင်-၂ ဦးပါမင်းလိုင်က အမျိုးသားနေ့ဖြစ်‌ပေါ်လာခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး ပြိုင်ပွဲများကိုယှဉ်ပြိုင်ကြကာ လဟယ်မြို့ပေါ် မူလတန်းကျောင်းမှ ကျောင်သား၊ ကျောင်းသူကဗျာရွတ်(၆)ဦး၊ ပုံပြော(၆)ဦး၊ ပန်းချီ(၂၀)ဦးနှင့် ဆေးရောင်ခြယ်(၁၅)ဦး စုစုပေါင်းကျောင်းသား/သူ(၄၇)ဦးတို့ ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို ရွေးခြယ်ပြီးဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ် (ပြန်/ဆက်)