ကျောက်တံခါး နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနက အခြေခံပညာအထက်တန်း (ကျောက်တံခါးမြို့) အစည်းအဝေးခန်းမ၌ ရာသီဥတုပြောင်းလဲမှု ၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောက်တံခါးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းဆရာမကြီး ဒေါ်သန်းသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းပိုင်က ရာသီဥတုပြောင်းလဲမှု ၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်း၊ သစ်တောကြေးမုံစာအုပ်(၄၄)အုပ်၊ ကျောင်းသုံးဗလာစာအုပ်နှင့် ဘောပင်တို့အား ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)