သံတောင်ကြီး နိုဝင်ဘာ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ အမျိုးသားနေ့အကြောင်း ဖြစ်ပေါ်လာပုံသိရှိစေရန်၊ စာပေစွမ်းရည်တိုးတက်မြှင့်မားစေရန်ရည်ရွယ်၍ သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.ကကျောင်းဝင်းရှိ မိုးလေလုံအားကစားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးက အမျိုးသားအောင်ပွဲနှင့် စာစီစာကုံးကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသူ/ကျောင်းသား(၁၅)ဦး၊ အလယ်တန်းအဆင့် ကျောင်းသူ/ကျောင်းသား (၁၂)ဦးတို့က အမျိုးသားနေ့တို့မမေ့ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရကျောင်းသူ/ကျောင်းသားများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နော်လော်မူ