လွိုင်လင်မြို့တွင် တိုင်းရင်းဆေးပညာဖြင့်ပြည်သူများအား အခမဲ့ဆေးကုသပေး

လွိုင်လင် နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် (၂၃)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်/မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးဝါးကုသပေးခြင်းကို ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ သာသနာ့ဗိမာနိ (မြို့လယ်ဓမ္မာရုံ)တွင်ကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆေးဝါးကုသပေးခြင်းကို လွိုင်လင်ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်မြင့်၊ လွိုင်လင်မြို့(၂၅)ကုတင်ဆံ့တိုင်းရင်းဆေး၊ ဆေးရုံအုပ်ကြီးဒေါ်ဥမ္မာအေးနှင့် လွိုင်လင်ခရိုင်အတွင်းရှိမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများက တိုင်းရင်းဆေးပညာဖြင့် ပြည်သူများအားဆေးဝါးကုသပေးကြကြောင်း သိရသည်။

လွိုင်လင်မိုး