တနင်္သာရီတိုင်းဒေသကြီး၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ

ထားဝယ် နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊  ဗဟိုစာရင်းအင်းအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက တိုင်းဒေသကြီးတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် ပိုမိုအားကောင်းစေရန်အတွက် လိုအပ်သော စာရင်းအင်းအချက်အလက်များ မှန်ကန်စွာ ရရှိနိုင်ရေး၊ ပျက်စီးဆုံးရှုံးမှု စာရင်းများ ပြည့်စုံမှန်ကန်မြန်ဆန်စွာရရှိနိုင်ရေးအတွက် ရည်ရွယ်၍ အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ ကနဦး လုပ်ငန်းကော်မတီမှာပါဝင်သည့် ဌာနများမှ အဖွဲ့ဝင်များအားလုံး သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းများကို အချိန်နှင့်တစ်ပြေးညီ စုစည်းရယူနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနအလိုက် ခရိုင်၊ မြို့နယ်အထိ ဆက်သွယ်ချိတ်ဆက်ထားရန် လိုအပ်သလို သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက သက်ဆိုင်ရာကဏ္ဍအလိုက် ပျက်စီး ဆုံးရှုံးမှုစာရင်းများကို စုစည်းရယူရန် လိုအပ်ကြောင်း၊ ပျက်စီးမှု စာရင်းများအပေါ်အခြေခံ၍ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမှာ ဖြစ်သောကြောင့် စာရင်းများမှန်ကန်မှုရှိရန် အရေးကြီးသည့်အတွက် တိုင်းဒေသကြီး ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့၊ တိုင်းဒေသကြီးတာဝန်ခံ ဒေါ်တင်ချိုကြူကြူခိုင်က ကော်မတီအဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက ပျက်စီးဆုံးရှုံးစာရင်းများ အချိန်နှင့်တစ်ပြေးညီ ရရှိရန် အရေးကြီးသည့်အတွက်ကြောင့် ဝိုင်းဝန်းရှင်းလင်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး ကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေနွေးရာ တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)