မိတ္ထီလာ နိုဝင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့်မြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်းတို့ ပူးပေါင်းထုတ်လုပ်သော ကွန်ပေါင်းဓါတ်မြေဩဇာမိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က မိတ္ထီလာမြို့သမဝါယမအသင်းစုရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဦးစွာ မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမိုးကျော်က ရေဆင်း(၁) စပ်မျိုးနေကြာမျိုးစေ့နှင့်စပ်လျဉ်း၍ စိုက်ပျိုးနည်းစနည်းများအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး စမ်းဝတီမွေးမြူရေးနှင့် မြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးမျိုးထက်ဝင်းက မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် အဆိုပါသမဝါယမအသင်းတို့ ပူးပေါင်းထုတ်လုပ်သော ကွန်ပေါင်းဓါတ်မြေဩဇာများနှင့်စပ်လျဉ်း၍ သုံးစွဲပုံနည်းစနစ်များအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် အသင်းသားတောင်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ချမ်းသာ