အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်

အလုံ နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဂဠုန်ရပ်ကွက်အတွင်းကွင်းဆင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ​ရေးမှူးနှင့်ဝန်ထမ်းများ၊ ဘက်စုံသားဖွားသင်တန်းသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ရပ်ကွက်များအတွင်းကွင်းဆင်းပြီး ဖုံး၊ သွန်၊ လှဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ အဘိ‌တ်‌ဆေးခပ်ခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယောဧရာ (မြို့နယ်ပြန်/ဆက်)