လှည်းကူး နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတို့ ပူးပေါင်း၍ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) အင်းတိုင်ရှိ ကျောင်းသား/သူများအား ယနေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာတင်နိုင်နှင့် ကျောင်းကျန်းမာရေး ဌာနမှ ကျန်းမာရေးမှူး ဒေါ်ကြည်ကြည်လွင်နှင့်အဖွဲ့သည် အ.ထ.က(ခွဲ) အင်းတိုင်ကျောင်းမှ ကျောင်းသား/သူ (၁၄၀)ဦးအား အသိပညာပေး ဟောပြောခြင်း၊ အထွေထွေကျန်းမာရေး စစ်ဆေး ပေးခြင်း၊ မျက်စိကျန်းမာရေး စစ်ဆေးပေးခြင်း၊ သံဓာတ်အားဆေးတိုက်ကျွေးခြင်းနှင့် သွားကျန်းမာရေး စစ်ဆေးပေးပြီး ကျောင်းသား/သူ (၇၇) ဦးအား သွားနုတ်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)