သာကေတ နိုဝင်ဘာလ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲကအချိန်က အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်မှာစကားပြော ကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊အား ကစားမှူးဒေါ်ခင်ကောင်းစံနှင့် ၊မြန်မာ့လက်ရွေးစင်ဟောင်းများအသင်း၊ အားကစားသမားဟောင်းဆရာမ ဒေါ်အေးအေးမော်တို့က လူငယ်နှင့် အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ထက်ထက်ဝေက တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးဆိုင် ရာ စောင့်ရှောက်ပေးခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ ရာအမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမ ဒေါ်ခင်ပြုံးက လက်ခံရယူခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သရုပ်ပြအဖွဲ့မှ fitness Dance အားကစားနည်းဖြင့် သရုပ်ပြဖျော်ဖြေခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးညွှန့်ဝေ ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းတို့က သရုပ်ပြချီးမြှင့်ငွေအားပေးအပ်ခဲ့ ပြီးအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ အဆိုပါ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားအပြီးတွင် မြို့နယ်တိုင်းရင်း ဆေးပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ထက်ထက်ဝေက ကျောင်းသား၊ ကျောင်းသူများအားကျန်းမာရေးအတွက် လိုအပ်သည့် တိုင်းရင်းဆေးများအခမဲ့ ဖြန့်ဝေခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)