ပျော်ဘွယ်မြို့နယ်တွင် မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပျော်ဘွယ် နိုဝင်ဘာ ၁၂

ပျော်ဘွယ်မြို့နယ်သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ပန်းစုံ) တွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်ခင်ဦးက မီးခိုး/မြူငွေလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ မီးခိုးနှင့်မြေငွေ့ပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့်အန္တရာယ်များ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်လာရခြင်းအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးလာမှုအခြေအနေများကို ရှင်းလင်းဟောပြောသည်။

မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မီးခိုး/မြူငွေ့လျှော့ချရေးနှင့်ပတ်သက်၍ အသိပညာပေး လုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကျေးရွာများတွင် စီမံချက်လုပ်ငန်းတစ်ခုအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)