ပလောက် နိုဝင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ကျောက်တောင်ကျေးရွာ ၊ ကွင်းအမှတ် (၇.က)၊ ဦးပိုင်(၈၇)ရှိ တောင်သူ ဦးထူးတင်၏ လယ်ယာမြေ၌ မိုးစပါး ဆင်းသုခစံပြကွက်အား ယနေ့နံနက်၈ နာရီအချိန်တွင် ရိတ်သိမ်းခဲ့ကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရသည်။
အဆိုပါစံပြကွက်ရိတ်သိမ်းပွဲကိုပလောက်မြို့မြေစာရင်းဦးစီးဌာန မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ မိုးစပါးဆင်းသုခစံပြကွက်အားရိတ်သိမ်းခဲ့ရာ တစ်ဧက ပျမ်းမျှအစိုချိန် (၁၁၅) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)