သဲကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်များ စတင်ထုတ်ချေး

သဲကုန်း နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေး ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က အဆိုပါဘဏ်ခွဲတွင် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ 

ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မန်နေဂျာ ဒေါ်ခင်မာဆွေက တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း၊ အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ် ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေးထုတ်ချေးပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မင်းလှကျေးရွာအုပ်စုအတွင်းရှိ တောင်သူ (၂၀၁) ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ဆောင်းသီးနှံစိုက်ဧက (၁၁၂၇) ဧကအတွက် ငွေကျပ် (၁၁၂၇၀၀၀၀၀) ကို ထုတ်ချေးပေးခဲ့ပြီး သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၆၃ အုပ်စုသို့ ငွေကျပ်သိန်းပေါင်း ( ၂၀၀၀၀၀) ကျော်ကို ထုတ်ချေးပေးရန် လျာထားလျက်ရှိကြောင်း သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)