ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဝါးခယ်မ  နိုဝင်ဘာ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်ဇေယျခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအ‌ကြောင်းအရာများ၊ ဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင် ကုန်တင်လွှာပုံစံဖြင့် စနစ်တကျ သယ်ယူပို့ဆောင်သွားရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းကိစ္စရပ်များ၊ (၅၈) ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေး​ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)