မိုင်းတုံ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက စာသင်ကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား အသိပညာပေး နယ်လှည့်ဖြစ်သော ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က ကျောင်းသား၊ကျောင်းသူများကို နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီးနောက် "မူးယစ်ရှောင်ရှားလူငယ်များ" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ လူကုန်ကူးမှုကာကွယ်တားဆီးရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများအား ကျောင်းသား၊ကျောင်းသူများကို အသိပညာဗဟုသုတ ရရှိစေပြီး မှတ်သားထားတတ်သည့် အလေ့အထ ရရှိစေရန်နှင့် လိုအပ်သည့်အခါ မိမိတို့မှတ်သားထား သည်များကို ပြန်လည်အသုံးချတတ်စေရန် ရည်ရွယ်ပြီး ပြသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)