လွိုင်လင်မြို့ အ.ထ.က(၁)ကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြော

လွိုင်လင်  နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ အ.ထ.က(၁) ‌ကျောင်း၌ သစ်တောဦးစီးဌာနမှကြီးမှူး၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းခန်းမတွင်ပြုလုပ်သည်။

‌အသိပညာပေးဟောပြောပွဲတွင် ဦးစွာကျောင်းအုပ်ဆရာမကြီးဒေါ်နန်းရွှေရွှေလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မျိုးအောင်က မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးစည်သူနိုင်က ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေစွာနေနိုင်ရေးခေါင်းစဉ်ဖြင့်ကိုလည်းကောင်း၊ သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးကျော်ဇာလင်းက ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးအစီအစဉ်ကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ‌ဒေါ်တင်မင်းထိုက်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းရေးအစီအစဉ်ကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောကြသည်။ ထို့နောက် ပတ်ဝန်းကျငိထိန်းသိမ်းရေးဟောပြောမှုများနှင့်ပတ်သက်၍ ကျောင်းသား/သူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးကြကာ ဟောပြောပွဲ အစီအစဉ်ကို အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး