တွံတေး နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ထော်သိုကျေးရွာတွင် ဆောင်းရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ထော်သိုကျေးရွာအုပ်စု၊ ထော်သီုကျေးရွာ ၊ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးက ကျေးရွား၊ ကျေးရွာသားများကို ဆောင်းရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး စင်္ကြာမင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ လှူဒါန်းသောဆေးဝါးများ ကုသိုလ်ပြုလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုးဒေါ်နွယ်နွယ်ဦး ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ထော်သိုကျေးရွာအုပ်စု ထော်သိုကျေးရွာသို့သွားရောက်ခဲ့ပြီး ကျား(၁၂) ဦး၊ မ(၄၅)ဦး၊ မလေး(၅ )ဦး စုစုပေါင်း(၆၂)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
တွံတေးသား