ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်  နိုဝင်ဘာ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်  ဒေသနေပြည်သူနှင့် ကျောင်းသား/သူများအနေ ဖြင့်လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် အသိပညာဗဟုသု တရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်း ကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးလုပ်ငန်းတွင် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက လူကုန်ကူးမှုဖြစ်ပေါ်လာခြင်း၏ တွန်းအားပေးချက်များနှင့်ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးဟောပြောပြီးနောက် ကမ္ဘာတစ်ဝန်းတွင် လူကုန်ကူးမှုဖြစ်ပွားမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ(၄)ရပ်၊ လူကုန်ကူးမှု၏ အစိတ်အပိုင်း(၃)ရပ်၊ လူကုန်ကူးခံရသူများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အမျိုးသားအဆင့် (၅)နှစ်စီမံ ကိန်း၏ကဏ္ဍများ၊ လူကုန်ကူးမှုကို အဓိကဆွဲဆောင်သောအကြောင်းအရာများ၊ လူကုန်ကူးခံရသူများကို အကူအညီပေးမည့် လိုအပ်ချက်များနှင့်ပြစ်မှု၊ ပြစ်ဒဏ်များစသည့် လူကုန်ကူးမှုဆိုင်ရာသိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)