ကမာရွတ်မြို့နယ်၌ မွေးကင်းစမှ အသက်ငါးနှစ်​အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများတိုက်‌ကျွေးထိုးနှံပေး

ကမာရွတ် နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ မွေးကင်းစမှ အသက်ငါးနှစ်​​အောက် အရွယ် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများတိုက်‌ကျွေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ကမာရွတ်မြို့နယ်၊မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန၌ က​လေးငယ်များကို ကာကွယ်‌ဆေးတိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးရာတွင် ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယိုအစက်ချဆေး၊ ပိုလီယိုထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဘီစီဂျီ (ဦးနှောက်တီဘီရောဂါကာကွယ်ဆေး)၊ ရိုတာဗိုင်းရပ်စ် ကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့တွင် ကလေး (၄၀)ဦးတို့အား ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံပေး‌ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများကို လစဉ်လဆန်း ၁ရက်နေ့မှ ၇ ရက်နေ့အထိ  ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ ကာကွယ်ဆေးများတိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)