မြောက်ဥက္ကလာပမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မြောက်ဥက္ကလာပ နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် (၈) နာရီက ပုဂံလမ်းမပေါ်ရှိ ရွှေပေါက်ကံမီးပွိုင့်အနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမှတ် ၃၅ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်စုမှူး ဒုရဲမှူးလှိုင်ဝင်းအောင် ဦးစီးတပ်ဖွဲ့ဝင်များမှ ပုဂံလမ်းမပေါ်တွင် ဖြတ်သန်းမောင်းနှင်ကြသည့် ယာဥ်မောင်း (၈၅)ဦးတို့အား ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ပညာပေးခြင်း၊  Taxi ယာဥ်မောင်းများအား Quick Win စီမံချက်ပါအတိုင်း အသက်ကယ်ထိုင်ခုံခါးပတ်ပတ်၍ ယာဥ်မောင်းနှင်ရန်၊ ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းအသုံးမပြုရန်၊ အရက်သေစာသောက်စား၍ ယာဥ်မောင်းနှင်ခြင်းမပြုရန်တို့အား ပညာပေးဟောပြောခြင်း၊ ယာဥ်/လမ်း စည်းကမ်းဆိုင်ရာများ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)