ပခုက္ကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းမိသားစုများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲ ကျင်းပ

ပခုက္ကူ နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်စည်ပင်သာသာရေးအဖွဲ့ ဝန်ထမ်းမိသားစုများ၏ စုပေါင်းမဟာ ဘုံကထိန်အလှူတော်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ပခုက္ကူမြို့နယ် ကျွဲတဲကျေးရွာအုပ်စု ဇေယျသုခဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်နှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများက ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခြင်း၊ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြပြီး ရေစက်ချတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်ချ အမျှဝေကြသည်။

ထို့နောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။  

ဆလိုင်းကိုကီး(CN-034)