သံဖြူဇရပ် နိုဝင်ဘာ ၉
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သံဖြူဇရပ်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဌေးခိုင်၏ဦးဆောင်မှုဖြင့် ဝန်ထမ်းများမှ အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ(၉၈)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသည် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများသို့ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။