တောင်တွင်းကြီးမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန‌၏ (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်း

တောင်တွင်းကြီး နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၆ နာရီက တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး သံဃာ့နာယအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တမာနိတ၊ မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တစာရိတ္တနှင့် ဆရာတော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များက အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ  တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တမာနိတထံမှ အနုမောဒနာတရား နာကြားခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)