နတ်မောက်မြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေး   မူလတန်းဆင့် စာဖတ်စွမ်းရည် ပြိုင်ပွဲပြုလုပ်

နတ်မောက် နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို မူလတန်းဆင့် ကျောင်းသား/သူများဖြင့် ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ကျောင်းသား/သူ လူငယ်လူရွယ်များ စာပေဗဟုသုတများ သိရှိနားလည်ပြီး ဉာဏ်ရည်ထက်မြတ်သည့် ဘက်စုံထူးချွန်သော လူရည်မွန်၊ လူရည်ချွန်များ ဖြစ်လာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်၊ နှုတ်မှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကျင်းပရာတွင် မူလတန်းဆင့် ကျောင်းသား/သူ (၂၀)ဦးမှ မိမိတို့နှစ်သက်သည့် ခေါင်းစဉ်များဖြင့် စာဖတ်စွမ်းရည် ပြိုင်ပွဲယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဆရာ/မများက  ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။

လှဝင်း(ပြန်/ဆက်)