အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

သံဖြူဇရပ် နိုဝင်ဘာ

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၆) နှစ်မြောက် နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်​နေ့ နံနက်က သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်​နောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန (၃၆) နှစ်​မြောက် နှစ်ပတ်လည်​နေ့ အထိမ်းအမှတ်အဖြစ် သံဃာ​တော်များအား ဆွမ်းဆက်ကပ်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့​နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး​အောင်မိုးလွင်က ဌာနနှစ်ပတ်လည်နေ့ ကျင်းပရသည့် ရည်ရွယ်ချက်၊ သမိုင်းကြောင်းနှင့် လုပ်ငန်းစွမ်း​ဆောင်ချက် Video CLip ပြသပြီး၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား နှစ်ပတ်လည်‌နေ့ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ကံစမ်းမဲဆုလက်ဆောင်များ ဖွင့်ဖောက်ပေးအပ်ခြင်းနှင့် သင်တန်းထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းတို့ကို တပျော်တပါး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)