ရွှေတောင်မြို့၌ နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်

ရွှေတောင် နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင် မြို့နယ်အတွင်းရှိ (၂၀၂၄-၂၀၂၅) အတွက် သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား နေကြာသီးသန့်စိုက်ပျိုးဧက (၁၈၀) ဧကအတွက် နေကြာအထွက်တိုး မျိုးကောင်းမျိုးသန့် (ရေဆင်းစပ်မျိုး-၁) သွင်းအားစုများပေးအပ်ပွဲနှင့် ဓာတ်မြေသြဇာထောက်ပံ့ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

ရွှေတောင် မြို့နယ်တွင် သမဝါယမကဏ္ဍမှ နေကြာစိုက်ပျိုးရေးစီမံကိန်းကို အသင်းသား (၄၅) ဦးတို့၏ စိုက်ဧက (၁၈၀) တွင် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်းဆီထွက်သီးနှံ နေကြာရေဆင်းစပ်မျိုး (၁) နေကြာတစ်မျိုးတည်းကိုသာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ဧက (၁၈၀) အတွက် တစ်ဧကလျှင် (၂) သိန်းနှုန်းသွင်းအားစုများနှင့် ရေဆင်းစပ်မျိုး (၁) နေကြာမျိုးစေ့များ၊  ဓာတ်မြေသြဇာများကို မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ထက်ထက်လွင်နှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများက အသင်းသား တောင်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)